Ads
ads

Video Sources 0 Views

  • Watch trailer
Knightfall

Knightfall

Nowhere to run. Except home.Feb. 24, 202582 Min.
Your rating: 0
9 1 vote

Synopsis

Knightfall (2026)
===============

“ဘယ်သူ့ကိုမှ ယုံလိုမရတဲ့ အချိန်မှာ… အားကိုးစရာဆိုလို ကျောခိုင်းခဲ့တဲ့ ဖခင်တစ်ယောက်ပဲ ရှိတော့တယ်”

Spy Thriller နဲ့ Home Invasion ကို အချိုးကျကျ ရောစပ်ထားတဲ့ ဗြိတိန် အက်ရှင်ကားသစ်ကြီး ထွက်ရှိလာပါပြီ။ “Slow Horses” လိုမျိုး စပိုင်ဇာတ်လမ်းတွေ၊ အမှောင်ဘက်ခြမ်းက လျှို့ဝှက်ချက်တွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက်တော့ လုံးဝ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါပဲ။

ဒီကားမှာ အဓိကပါဝင်ထားတာကတော့ ဝါရင့်မင်းသားကြီး Ian Ogilvy, Michael Paré နဲ့ မင်းသမီး Jeanine Nerissa Sothcott တိုပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ရော့စ် ဆိုတဲ့ MI5 သုတေသနပညာရှင်မလေးကနေ စတင်ပါတယ်။ လျှို့ဝှက်စစ်ဆင်ရေးတစ်ခု လွဲချော်သွားပြီးနောက်မှာ ရော့စ်ရဲ့ လက်ထဲကို အန္တရာယ်များတဲ့ ဇီဝလက်နက်တစ်ခုကို ဖွင့်နိုင်တဲ့ တစ်ခုတည်းသောသော့ ရောက်သွားပါတော့တယ်။ အဲဒီအချိန်ကစပြီး သူဟာ နိုင်ငံတကာက ကြေးစားလူသတ်သမားတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါပြီ။

ရန်သူတွေ ခြေရာခံမိပြီး ထွက်ပေါက်ပိတ်နေတဲ့အချိန်မှာ ရော့စ်တစ်ယောက် ပြေးစရာ မြေမရှိတော့ဘဲ နှစ်အတော်ကြာ အဆက်အသွယ်ဖြတ်ထားတဲ့ သူ့ရဲ့ ဖခင်ဖြစ်သူ ချားလ်စ်နိုက်ဆီကို ပြန်သွားဖို ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ချားလ်စ်ဟာ သာမန်အဘိုးကြီးမဟုတ်ဘဲ တစ်ချိန်က နာမည်ကြီး စပိုင်ဟောင်းတစ်ယောက် ဖြစ်နေတဲ့အခါ…

“ငါ့သမီးကို ထိချင်ရင်… ငါ့အလောင်းကို အရင်ကျော်သွားလိုက်” ဆိုတဲ့ ခပ်ကြမ်းကြမ်း Vibe မျိုးနဲ့ သမီးကို ကာကွယ်မဲ့ ဖခင်ဟောင်းရဲ့ အမိုက်စား Comeback ကို မြင်တွေ့ရမှာပါ။

တစ်ဖက်မှာ အိမ်ထဲကို ဝင်စီးမဲ့ ကြေးစားလူသတ်သမားတွေ… နောက်တစ်ဖက်မှာ MI5 အဖွဲထဲက သစ္စာဖောက်က ဘယ်သူလဲဆိုတာကို ရှာဖွေရမယ့် Whodunit ပုံစံ လျှို့ဝှက်ချက်တွေနဲ့မို စိတ်လှုပ်ရှားစရာအပြည့်ဖြစ်နေမှာပါ ။ ရန်သူတွေ ဝိုင်းနေတဲ့ အိမ်ကြီးထဲမှာ သားအဖနှစ်ယောက် ဘယ်လို အသက်လု ရုန်းကန်ကြမလဲဆိုတာကို Action ခပ်ကြမ်းကြမ်းနဲ့ ရင်တမမ ရှုစားရမဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်ဗျာ။

Genre ….. Action, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 720.52MB / 1.63GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Knightfall
Knightfall
Knightfall
Knightfall
Original title Knightfall
IMDb Rating 6 10 votes

Director

Ben Mole
Director

Cast

ads

Similar titles

Elevation
Elumale
Operation Golden Shield
Something in the Water
Hostile Takeover
Rebel Moon – Part One: A Child of Fire
Bangkok Dog
The 100
Fateh
Danur: The Last Chapter
Tu Yaa Main
Balti

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On