Ads
ads

Video Sources 0 Views

  • Watch trailer
Magudam

Magudam

Aug. 14, 2026NA184 Min.NR
Your rating: 0
1 1 vote

Synopsis

Magudam (2026)
===============

IMDB ⭐️ 4.8/10

“အတိတ်ဆိုးကနေ ထွက်ပြေးချင်ပေမဲ့… သွေးထဲက လူမိုက်ဗီဇကိုတော့ ဖျောက်ဖျက်လိုမရပါဘူး”

တောင်ပိုင်းအက်ရှင်ကား ကြမ်းကြမ်းရမ်းရမ်းတွေ မျှော်နေတဲ့ ဘော်ဒါတိုအတွက် အာလူးမဖုတ် ရှယ်ဖြုတ်မဲ့ ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီခင်ဗျာ။

ဒီကားကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားကြီး Vishal ကိုယ်တိုင် ပထမဆုံး ဒါရိုက်တာအနေနဲ့ ဖန်တီးရိုက်ကူးထားပြီး သူကိုယ်တိုင်ပဲ အဖေရော သားပါ (၂) နေရာကနေ ခေါင်းဆောင်ပါဝင်ထားတဲ့ Action Thriller ကားကြီးပါ။ မင်းသမီးတွေအနေနဲ့ကတော့ Dushara Vijayan နဲ့ Anjali တိုက အားဖြည့်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအစမှာတော့ လင်ဂါဆိုတဲ့ အင်မတန် ဩဇာကြီးမားပြီး ကြမ်းကြုတ်တဲ့ ဂိုဏ်းစတားကြီးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့သားဖြစ်သူ ကီရူဘာကတော့ အဖေ့ရဲ့ သွေးထွက်သံယိုလမ်းစဉ်ကို လုံးဝမနှစ်သက်ဘဲ အိမ်ကနေထွက်သွားပြီး ဆေးကုမ္ပဏီဝန်ထမ်းလေးအဖြစ် သာမန်မိသားစုဘဝလေးကို တည်ဆောက်ထားသူပါ။ ကီရူဘာရဲ့ ဘဝမှာ အကြီးမားဆုံး အိပ်မက်က ကားလေးတစ်စီးဝယ်ပြီး ချစ်ရတဲ့ ဇနီး၊ သမီးလေးတိုနဲ့ အေးအေးချမ်းချမ်း နေသွားဖိုပါပဲ။

ဒါပေမဲ့ ကံကြမ္မာက သူထင်သလို လှပမနေခဲ့ပါဘူး။ ဒေသခံ လူမိုက်ဂိုဏ်းတွေရဲ့ အားပြိုင်မှုကြားမှာ မြေစာပင်ဖြစ်ပြီး ကီရူဘာရဲ့ ချစ်လှစွာသော ဇနီးနဲ့ သမီးလေး ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့အခါ…

တစ်သက်လုံး ရိုးရိုးသားသား နေလာခဲ့တဲ့ ကီရူဘာတစ်ယောက် သွေးဆူလာပြီး အဖေ့သွေး အပြည့်ပါတဲ့အတိုင်း လက်စားချေဖို ထကြွလာပါတော့တယ်။ ဒီအချိန်မှာပဲ သားနဲ့ မြေးဖြစ်သူကို ကာကွယ်ဖိုအတွက် ဂိုဏ်းစတားကြီး လင်ဂါ ပြန်ပေါ်လာတဲ့အခါ…

မတည့်အတူနေ သားအဖနှစ်ယောက် ပူးပေါင်းပြီး လူယုတ်မာတွေကို ဘယ်လို သွေးသံရဲရဲနဲ့ ပြန်လည်ရှင်းလင်းကြမလဲ။

Vishal ရဲ့ အမိုက်စား Screen presence တွေ၊ Dual role ကာရိုက်တာ နှစ်ခုရဲ့ အားပြိုင်မှုတွေနဲ့အတူ ဒေါသ၊ ကလဲ့စားနဲ့ အက်ရှင်ခန်းတွေကို အားပါးတရ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းက ဖိုက်တင်ခန်းတွေ သီးသန့်ကြီးမဟုတ်ဘဲ မိသားစု သံယောဇဉ်၊ သားအဖ မေတ္တာကိုပါ ရောယှက်တင်ဆက်ထားတာမို Action Masala ကားကောင်းကောင်း ကြည့်ချင်သူတွေအတွက် ခုပဲ ရှုစားလိုက်ကြပါဦးစို။

Genre ….. Action, Thriller
Quality ….. 720P / 1080P 4K WEB-DL (HEVC)
File Size ….. 1.77GB / 3.43GB / 7.91GB
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Magudam
Original title மகுடம்
IMDb Rating 4.8 665 votes

ads

Similar titles

Fateh
The Death of Snow White
Almost Cops
Maremma
တစ်ကျော့ပြန်သွေးကြွေး
Mr and Mrs Bachelor
Son Of
Auron Mein Kahan Dum Tha
Seobok
Bhooth Bangla
Baaghi 4
Dooradarshini

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On