Ads
ads

Video Sources 0 Views

  • Watch trailer
Mother Mary

Mother Mary

This is not a ghost story.Apr. 16, 2026USA112 Min.R
Your rating: 0
6 1 vote

Synopsis

M_o-t_h-e_r M-a_r_y (2-0-2-6)

IMDB ⭐️ 6.1/10 | Rotten Tomatoes 🍅 70%

“ကျော်ကြားမှုရဲ့ နောက်ကွယ်က အမှောင်ခြမ်းနဲ့… ချုပ်ရိုးပြတ်သွားတဲ့ ဆက်ဆံရေးတစ်ခု”

ကဲ… A24 ရဲ့ ထူးခြားတဲ့ သွေးဖောက်မှုတွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ရိုးရိုး Musical/Drama ကားလေးလိုလိုနဲ့ နက်နဲတဲ့ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုတွေ ပါဝင်နေတဲ့ “Mother Mary” ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောကြီး Anne Hathaway နဲ့ စွမ်းဆောင်ရည်မြင့် မင်းသမီး Michaela Coel တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ဇာတ်လမ်းကတော့ ကမ္ဘာကျော် ပေါ့ပ်စတား အဆိုတော်ကြီး မာရီဟာ စင်မြင့်ပေါ်က မတော်တဆမှုတစ်ခုပြီးတဲ့နောက် သူ့ရဲ့ ဂီတလောကကို ပြန်လည်ဝင်ရောက်ဖို့ Comeback performance အတွက် ပြင်ဆင်နေတာကနေ စတင်ပါတယ်။ ဒါပေမဲ့ ပွဲအတွက် ဝတ်စုံရွေးချယ်ချိန်မှာပဲ သူ့ရဲ့ စိတ်ထဲ မွန်းကြပ်မှုတွေဖြစ်လာပြီး လုံးဝကို အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

ဒီလိုနဲ့ မာရီတစ်ယောက် အင်္ဂလန်ကျေးလက်က သူမရဲ့ အရင်က ရင်းနှီးခဲ့ဖူးတဲ့ ဖက်ရှင်ဒီဇိုင်နာ သူငယ်ချင်းဟောင်း ဆမ်အန်ဆယ်လ် ဆီကို ရုတ်တရက် ရှောင်ပြေးသွားခဲ့ပါတယ်။ ဆမ် ဆိုတာက မာရီ့ကို အောင်မြင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဒီဇိုင်းတွေ ဖန်တီးပေးခဲ့ပြီး တစ်ချိန်က သူနဲ့ သံယောဇဉ် ကြီးမားခဲ့တဲ့ လက်တွဲဖော်ဟောင်းဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာ အဆက်အသွယ်ပြတ်ပြီး ဝေးကွာနေခဲ့ကြတာပါ။ မာရီက သူ့ရဲ့ Comeback ပွဲအတွက် အကောင်းဆုံး ဝတ်စုံတစ်ခု ဖန်တီးပေးဖို့ ဆမ့်ကို အကူအညီတောင်းတဲ့အခါ… အတိတ်က အနာဟောင်းတွေ၊ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ စိတ်ဒဏ်ရာတွေက တဖြည်းဖြည်း ပြန်လည်ပေါ်ပေါက်လာပါတော့တယ်။

သူတို့နှစ်ယောက်ကြားက အချစ်၊ မနာလိုမှုနဲ့ နာကျင်စရာ အတိတ်တွေက ဒီဝတ်စုံသစ်ချုပ်လုပ်ခြင်းနဲ့အတူ ဘယ်လိုတွေ ဆက်စပ်နေမလဲ။ ကျော်ကြားမှုရဲ့ နောက်ကွယ်က တကယ့်အမှန်တရားက ဘာလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

သာမန် ဂီတဒရာမာတွေလို အဆိုအကတွေချည်းပဲ ရိုးရှင်းမနေဘဲ A24 ရဲ့ ထုံးစံအတိုင်း Psychological Thriller အငွေ့အသက်တွေ၊ Supernatural ဆန်ဆန် တင်ဆက်မှုတွေနဲ့ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ် ခံစားချက်တွေကို အနုပညာဆန်ဆန် ပုံဖော်ထားတာပါ။

မင်းသမီးချော Anne Hathaway နဲ့ Michaela Coel တို့ရဲ့ အပြိုင်ကြဲထားတဲ့ အိုက်တင်တွေကို ရှုစားရမှာဖြစ်လို့ Deep ဖြစ်တဲ့ ဇာတ်ကားကောင်းလေးတွေကို ခုံမင်သူတွေအတွက် လက်မလွတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Genre ….. Drama, Fantasy, Music, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 789.35MB / 2GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

ads
Mother Mary
Mother Mary
Mother Mary
Mother Mary
Mother Mary
Mother Mary
Mother Mary
Mother Mary
Mother Mary
Mother Mary
Original title Mother Mary
IMDb Rating 6.1 3,100 votes
TMDb Rating 5.4 29 votes

ads

Similar titles

DNA
Sagaran
Kalki 2898-AD
Two Worlds One Wish
ဂျော်ကီ
Kesari Veer
Funky
Nana Hee
Lasting Moments
Dayı: Bir Adamın Hikâyesi 2
Chainsaw Man – The Movie: Reze Arc
Society of the Snow

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On