Ads
ads
Kadhal Kadhai Sollava

Kadhal Kadhai Sollava

Feb. 06, 2026India123 Min.NR
Your rating: 0
8 1 vote

Synopsis

Kadhal Kadhai Sollava (2026)

IMDb ⭐️ 6.1/10

“လူတိုင်းမှာ ပြောပြချင်တဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်စီတော့ ရှိကြတာပဲ မဟုတ်လား…”

အချစ်ကြောင့် ရင်ကွဲဖူးသူတိုင်း၊ အချစ်အကြောင်းကို တစိမ့်စိမ့်တွေးပြီး လွမ်းဖူးသူတိုင်းအတွက် ၂၀၂၆ မှာ ထွက်ရှိလာတဲ့ ရင်ထဲအေးမြသွားစေမဲ့ Tamil Drama ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။

ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော် Acting Monster မင်းသားကြီး Vijay Sethupathi က အဓိကပါဝင်အားဖြည့်ထားပြီး ဇာတ်လမ်းလေးကတော့ ရေဒီယိုအစီအစဉ်တစ်ခုအပေါ်မှာ အခြေခံထားပါတယ်။

“Kadhal Kadhai Sollava” (မင်းကို အချစ်ဇာတ်လမ်းတစ်ပုဒ် ပြောပြပါရစေ) ဆိုတဲ့ ရေဒီယိုအစီအစဉ်လေးဟာ မြို့နေလူထုကြားမှာ အချိန်တိုအတွင်း ဝက်ဝက်ကွဲ အောင်မြင်သွားခဲ့ပါတယ်

အကြောင်းရင်းကတော့ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး သူတို့ရဲ့ ရင်နင့်စရာ အချစ်ဇာတ်လမ်းတွေ၊ ရင်ကွဲနာကျခဲ့ရတဲ့ အတိတ်တွေကို ဒီအစီအစဉ်ကတစ်ဆင့် ရင်ဖွင့်ခွင့်ရခဲ့ကြလို့ပါပဲ။

ဒီဇာတ်ကားထဲမှာ…

  • အချစ်စစ်နဲ့တွေ့ပေမဲ့ ကံမပါလို့ လွဲချော်ခဲ့ရသူတွေရဲ့ အလွမ်း
  • နှလုံးသားချင်း နီးစပ်ဖို့ ကြိုးစားရင်း အမှားအယွင်းတွေကြားမှာ နစ်မွန်းခဲ့ရပုံတွေ
  • စကားလုံးတွေနဲ့ ဖော်ပြမရတဲ့ အချစ်ရဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေကို ရင်နင့်ဖွယ် တွေ့မြင်ရမှာပါ

“အချစ်ကပေးတဲ့ နာကျင်မှုဟာ ချိုတစ်လှည့် ခါးတစ်လှည့်” ဆိုတဲ့ concept ကို မြင်တွေ့ရမှာဖြစ်ပြီး Slow burn ဆန်ဆန်နဲ့ ဇာတ်ရှိန်ကို တဖြည်းဖြည်းချင်း ဆွဲခေါ်သွားမှာပါ ။ ဟာသလေးတွေလည်း နှောထားသလို မိသားစု မေတ္တာဘွဲ့လေးတွေပါ ပါဝင်တာမို့ ကြည့်ပြီးရင် စိတ်ထဲမှာ တစ်ခုခုကျန်ရစ်ခဲ့မဲ့ Feel-good vibe မျိုးလေး ရစေမှာပါ ။

အချစ်ရေးမှာ အဆင်မပြေလို့ စိတ်ညစ်နေသူတွေပဲဖြစ်ဖြစ်၊ အတိတ်က အချစ်ဟောင်းကို သတိရနေသူတွေပဲဖြစ်ဖြစ် ဒီကားလေးကို ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ ဇာတ်လမ်းတစ်စိတ်တစ်ပိုင်းကို ပြန်မြင်ယောင်မိစေမှာ အသေအချာပါပဲ ။

Genre ….. Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.19GB / 2.4GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Kadhal Kadhai Sollava
Original title காதல் கதை சொல்லவா
IMDb Rating 6.5 516 votes

ads

Similar titles

Once We Were Us
American Trash
In The Fire Of War
Mr. X
Aan Paavam Pollathathu
Beast
Neru
Aghathiyaa
Umibe no Koibito
My Special One
Once Upon My Mother
Timur

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On