Ads
ads
Nukkad Naatak

Nukkad Naatak

Feb. 27, 2026India107 Min.NR
Your rating: 0
7 1 vote

Synopsis

Nukkad Naatak (2-0-2-6)

IMDB ⭐️ 6.9/10

“ခေတ်စနစ်ရဲ့လွဲချော်မှုတွေကို ပြဇာတ်ထဲထည့်ကပြဖို့ကတော့ သိပ်လွယ်တာပေါ့ ကိုယ်တိုင်ပြောင်းလဲရမယ်ဆိုရင်ရော….”

ကဲ… ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့် College Comedy/Drama ကားလေးတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် Nukkad Naatak ဆိုတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားထဲမှာတော့ သရုပ်ဆောင်သစ်လေးတွေ အဓိကပါဝင်အားဖြည့်ထားကြတယ်ဆိုပေမဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ feel good ဇာတ်ကားလေးပါပဲ။

ဇာတ်လမ်းအကျဉ်းလေးကတော့… မော်ရှရီ နဲ့ ရှီဗန်း ဆိုတာ တစ်ကျောင်းလုံးမှာ နာမည်ကြီးတဲ့ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်ပေါ့။ သူတို့နှစ်ယောက်ဟာ မွှေစရာရှိ အတူတူမွှေလေ့ရှိရာကနေ တစ်နေ့မှာတော့ ကျောင်းကန်တင်းကို ဖောက်ထွင်းဖို့ ကြံစည်ရာကနေ လက်ပူးလက်ကြပ် မိသွားတဲ့အခါမှာတော့ သူတို့ရဲ့ ကျောင်းသားဘဝလေး ဇာတ်သိမ်းသွားပြီး ကျောင်းထုတ်ခံလိုက်ရပါတော့တယ်။

ဒါပေမဲ့ သူတို့ကို ကျောင်းအုပ်ကြီးက နောက်ဆုံးအခွင့်အရေး တစ်ခုအနေနဲ့ စိန်ခေါ်မှုတစ်ခု ပေးလိုက်ပါတယ်။ အဲဒါကတော့ သူတို့ကျောင်းကို ပြန်တက်ခွင့်ရချင်ရင် ပညာမသင်ကြားနိုင်တဲ့ အောက်ခြေဆင်ခြေဖုံးရပ်ကွက်က ကလေး (၅) ယောက်ကို ကျောင်းလာအပ်ပေးရမယ် ဆိုတဲ့ အချက်ပါပဲ။

ပေါ့ပေါ့နေ ပေါ့ပေါ့စား လမ်းဘေးပြဇာတ်တွေကရင်း အိုင်ဒီယာ‌တွေချပြ ခေတ်စနစ်ကို ပြောင်းလဲချင်ပါတယ်လို့ လွယ်လွယ်ပြောခဲ့တဲ့ လူငယ်နှစ်ယောက်၊ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းကျောင်းတက်နေရတဲ့အချိန်မှာ တခြားကလေး ၅ ယောက်ကို ကျောင်းတက်ဖို့ ဘယ်လိုတွေ သွားစည်းရုံးကြမလဲ… ဘယ်လို အလွဲလွဲအချော်ချော်တွေနဲ့ ဗျာများရမလဲဆိုတာကို ရယ်မောဖွယ်ရာ ကြည့်ရှုရမှာပါ။

ဟာသလေးတွေနှောပြီး သူငယ်ချင်းသံယောဇဉ်နဲ့ လူငယ်တွေရဲ့ ဘဝသင်ခန်းစာလေးတွေကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းလေးမို့ ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုဖို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 950.81MB / 1.9GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Nukkad Naatak
Original title Nukkad Naatak
IMDb Rating 7.2 170 votes

Director

Cast

Molshri isMolshri
Molshri
Danish Husain isCollege Dean
College Dean
Lalit Saw isMukund
Mukund
Monita Sinha isChoti’s Mother
Choti’s Mother
Kishore Kumar isLocal School Principal
Local School Principal
Jay DeYonker isJizzWhizz
JizzWhizz

ads

Similar titles

Light of the World
Dhurandhar: The Revenge
Wonderland
Toh, Ti Ani Fuji
Radhe Shyam
Beast
Sirena
Kaulayaw
Decibel
Die My Love
The Tank
Dendam Malam Kelam

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On