Ads
ads

Video Sources 0 Views

  • Watch trailer
Obsessed

Obsessed

If I cannot see you, I can't even breathe…May. 14, 2014NA132 Min.NR
Your rating: 0
6 1 vote

Synopsis

Obsessed (2014)
==============

IMDB ⭐️ 8.3/10

အချစ်ဦးကြီး ဂျွန်စောနဲ့ Glory ထဲက ယွန်းဂျင်တို့ရဲ့ ၁၈ ယောက်ပေါင်းကြည့်ရမဲ့ ကားဟောင်း ကားကောင်းလေး..

Hidden Face ထဲက ဂျွန်စောက အကြမ်း အရမ်းဆိုရင် ဒီ Obsessed ထဲက ဂျွန်စောကတော့ သိမ်မွေ့ညင်သာစွာ ချစ်တတ်သူရယ်ပါ။

တားမြစ်ထားတဲ့ အသီးကမှ ပိုချိုလေသလားရယ်မသိ.. မစားသင့်တဲ့အသီးကို စားမိလို့ တိတ်တဆိတ် ကွဲကြေသွားတဲ့ နှလုံးသားတစ်စုံအကြောင်း..

ပရိသတ်ကြီးရော သိက္ခာ၊ ရာထူးဂုဏ်ဒြပ်နဲ့ ကိုယ့်ဘဝတစ်ခုလုံးကို ပျောက်ဆုံးသွားတဲ့အထိ စွဲလမ်းရူးသွပ်ဖူးပါသလား..

“မင်းမရှိရင် ငါ အသက်ရှူလို့တောင် မရတော့ဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ရင်ဘတ်ထဲစူးခနဲ ထိရှသွားစေမဲ့ မေးခွန်းတစ်ခုကို သယ်ဆောင်လာတဲ့ Classic Forbidden Romance Melodrama..

၁၉၆၉ ခုနှစ် ဗီယက်နမ်စစ်ပွဲကာလ၊ အရာရာဟာ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ အသက်ရှူကျပ်စရာ ကောင်းနေတဲ့ စစ်တပ်အိမ်ရာဝင်းထဲက အထီးကျန်ဆန်မှုနဲ့ မပြည့်စုံတဲ့ အိမ်ထောင်ရေး..

စိတ်ကူးယဉ် အချစ်ပုံပြင်တွေထက် လူသားတွေရဲ့ ထိန်းချုပ်မရတဲ့ တပ်မက်မှုနဲ့ အတွင်းစိတ်ဒဏ်ရာတွေကို အလွန်နူးညံ့သိမ်မွေ့ပြီး အနုပညာဆန်တဲ့ Cinematic Style နဲ့ ဖွဲ့သီထားလို့ အစအဆုံး ရင်ထဲအေးခနဲ စိမ့်ဝင်သွားစေမှာ အသေအချာပါပဲ။

ခေတ်ဟောင်းအလှတရားကို ပေါ်လွင်စေတဲ့ ဒါရိုက်တာ Kim Dae-woo ရဲ့ သေသပ်လှပတဲ့ အလင်းအမှောင် ရိုက်ကူးမှုအောက်မှာ ဂျွန်စော (Song Seung-heon) ရဲ့ အရင်ကနဲ့မတူတဲ့ အသွင်သစ်နဲ့ စစ်ပွဲဒဏ်ရာတွေကြား နစ်မွန်းနေတဲ့ မျက်ဝန်းတွေက မျက်တောင်မခတ်ချင်စရာ Visual ကို ဖော်ဆောင်ထားပါတယ်။

ဒါ့အပြင် ပွဲဦးထွက်ကတည်းက နက်နဲဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေနဲ့ လူအများရဲ့ အာရုံကို ဖမ်းစားခဲ့တဲ့ Lim Ji-yeon၊ နောက်ပိုင်း Parasite နဲ့ ပိုမိုထင်ရှားလာတဲ့ မင်းသမီး Cho Yeo-jeong နဲ့ On Joo-wan တို့ပါ ပါဝင်ထားလို့ ဇာတ်လမ်းရဲ့ အလေးချိန်နဲ့ Dramatic Feel က အပြည့်ပါပဲ ⚡️🤍

ဗီယက်နမ်စစ်ပွဲကနေ စစ်သူရဲကောင်းအဖြစ် ပြန်ရောက်လာပြီး စိတ်ဒဏ်ရာ (PTSD) တွေနဲ့ ဇနီးဖြစ်သူရဲ့ ရည်မှန်းချက်တွေအောက် အသက်ရှူမဝအောင် ပိတ်လှောင်ခံထားရတဲ့ ဗိုလ်မှူးကြီး ဂင်ဂျင်ဖြောင်း..

တစ်ရက်မှာတော့ သူ့လက်အောက်ငယ်သားရဲ့ ဇနီးဖြစ်သူ ဂျုံဂါဟွန်းနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရာကနေ တိတ်ဆိတ်နေတဲ့ ရေပြင်ထဲ ကျောက်ခဲပစ်ချလိုက်သလို သူတို့ရဲ့ နှလုံးသားတွေ ပြင်းထန်စွာ လှုပ်ခတ်သွားရပါတော့တယ်။

စကားနည်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ သူမရဲ့ ဆွဲဆောင်မှုမှာ သူ တဖြည်းဖြည်း နစ်မျောသွားပြီး မဖြစ်သင့်တဲ့ တားမြစ်နယ်မြေကို ခြေချမိရင်းကနေ တစ်ယောက်ကိုတစ်ယောက် အဆုံးစွန်ထိ စွဲလမ်းရူးသွပ်တဲ့ အချစ်နွံထဲ သက်ဆင်းသွားကြတဲ့အခါ..

ငြိမ်သက်နေတဲ့ မျက်နှာပြင်အောက်မှာ အရှိန်ပြင်းပြင်း လှိုင်းထနေတဲ့ စိတ်ခံစားချက်တွေကြားကနေ “ချစ်မိတာတစ်ခုတည်းနဲ့တင် တစ်လောကလုံးကို စွန့်လွှတ်ဖို့ တကယ်ပဲ ထိုက်တန်ရဲ့လား” ဆိုတဲ့ အဖြေကို ရှာရင်း နာကျင်နက်နဲတဲ့ နှလုံးသားခံစားချက်ကို အပြည့်အဝ စီးမျောခံစားနိုင်ဖို့ ၂ နာရီကျော် ကြာမြင့်မဲ့ ဒီ Must-Watch Romance Movie လေးကို အခုပဲ မလွတ်တမ်း စီးမျောလိုက်ကြရအောင်နော်..

Genre ….. Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 913.37MB / 2.08GB
Review ….. Bom
Translator ….. Bom
Encoder ….. SNNT

Rainbow Channel

Obsessed
Obsessed
Obsessed
Obsessed
Obsessed
Obsessed
Obsessed
Obsessed
Obsessed
Obsessed
Original title 인간중독
IMDb Rating 6.3 3,253 votes
TMDb Rating 6.679 84 votes

Director

Kim Dae-woo
Director

Cast

Song Seung-heon isColonel Kim Jin-pyeong
Colonel Kim Jin-pyeong
Im Ji-yeon isJong Ga-heun
Jong Ga-heun
Cho Yeo-jeong isLee Sook-jin
Lee Sook-jin
On Ju-wan isKyung Woo-jin
Kyung Woo-jin
Park Hyuk-kwon isLieutenant Colonel Choi
Lieutenant Colonel Choi
Jeon Hye-jin isLieutenant Colonel Choi's Wife
Lieutenant Colonel Choi's Wife
Um Tae-goo isWarrant Officer Kim
Warrant Officer Kim
Ye Su-jeong isWoo-jin's Mother
Woo-jin's Mother
Son Ji-na isGa-heun's mother
Ga-heun's mother

ads

Similar titles

Tu Yaa Main
Ulajh
Bulong Ng Laman
Rebel Moon – Part Two: The Scargiver
Love Untangled
Art of Love
Call of The Dead
Ikka
Lost in Paradise
Kothalavadi
Deadly Escape
Poorna

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On