Ads
ads
Shesha 2016

Shesha 2016

Mar. 06, 2026India122 Min.NR
Your rating: 0
5 1 vote

Synopsis

Shesha 2016 (2026)

IMBD ⭐️ 6.8/10

“လူမှုအသိုင်းအဝိုင်းမှာ ကျောင်းကောင်းကောင်း၊ ဆေးရုံကောင်းကောင်းတွေကို ရွေးချယ်ခွင့်ရှိပေမဲ့… ရဲတပ်ဖွဲ့အတွက်တော့ အစားထိုးရွေးချယ်စရာ မရှိပါဘူး”

ကဲ… Crime Thriller အကြမ်းစား၊ ရဲဇာတ်လမ်းခပ်မိုက်မိုက်တွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ အမှောင်ခြမ်းကို ဆွဲခေါ်သွားမယ့် “Shesha 2016” ဆိုတဲ့ ကန်နာဒါ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာ အဓိကအနေနဲ့ မင်းသား John Kaippallil, Pramod Shetty, မင်းသမီး Archana Kottige နဲ့ ဝါရင့်သရုပ်ဆောင်ကြီး Devaraj တို့ ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်လမ်းအစမှာတော့ ကာနာတက နဲ့ ကီရာလာ နယ်စပ်က ပွတ်ရှ်ပါဂီရိ ရဲစခန်းမှာပါ။ မြို့ထဲမှာ မိုင်ဆိုးဒါဆာရာ ပွဲတော်ကြီး ရှိနေတော့ ရဲတွေအကုန်လုံး လုံခြုံရေးသွားယူနေရပြီး စခန်းမှာ ရဲတစ်စုလောက်ပဲ ကျန်ခဲ့တဲ့အချိန်… မထင်မှတ်ထားတဲ့ အိပ်မက်ဆိုးကြီးတစ်ခု ဝင်လာပါတော့တယ်။

အဲဒါကတော့ ဘယ်သူမှန်းမသိတဲ့ အမည်မသိ လူတစ်ယောက်က ရဲစခန်းကို ဆက်သွယ်လာပြီး စခန်းထဲမှာကျန်ခဲ့တဲ့ ရဲတွေကို တစ်ယောက်ချင်းစီ အမဲလိုက်သလို လိုက်သတ်ဖို့ ကြံစည်လာတာပါပဲ။

ပိုပြီးထိတ်လန့်စရာကောင်းတာက ဒီလူသတ်မှုတွေရဲ့ နောက်ကွယ်မှာ အရင်တုန်းက ရဲတွေလုပ်ခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေ၊ လိမ်လည်ဖမ်းဆီးမှုတွေ၊ အတုအယောင် သက်သေပြမှုတွေနဲ့ သက်ဆိုင်နေတာကို သိလိုက်ရတဲ့အခါ…

အမှုတစ်ခုကို ပိတ်လိုက်ပေမဲ့ အပြစ်မရှိဘဲ ခံလိုက်ရတဲ့ သူတွေရဲ့ နာကြည်းမှုတွေကတော့ ပျောက်မသွားပါဘူး။ နေဝင်ချိန်ကနေ နေထွက်ချိန်အထိ တစ်ညတာအတွင်း ရဲစခန်းလေးထဲမှာ ပိတ်မိနေတဲ့ ရဲတွေ… သူတို့ရဲ့ အတိတ်က အမှားတွေအတွက် ဘယ်လို ပြန်ပေးဆပ်ရမလဲ။

ရိုးရိုးရဲကားတွေလို ရဲက လူဆိုးကို လိုက်ဖမ်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ၊ အကျင့်ပျက်ရဲတွေကို လက်စားချေတဲ့ Dark Theme မျိုးသွားထားတာမို့ Thriller အရသာကို အပြည့်အဝပေးစွမ်းနိုင်မှာပါ။ ရင်တမမနဲ့ ကြည့်ရမယ့် Crime Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။

Genre ….. Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.21GB / 2.43GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Original title ಶೇಷ 2016
IMDb Rating 6.8 2,130 votes

ads

Similar titles

Kaa – The Forest
Uppu Kappurambu
သူလျှို
The Roundup: Punishment
Kill
Above & Below
Shaunki Sardar
Desert Dawn
Muzzle: City of Wolves
Bullet Train Explosion
Kuladalli Keelyavudo
အချစ်ရဲ့ကွက်လပ်လေး

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On