
The Beast (2026)
==============
IMDB ⭐️ 4.4/10
ဆမ်မြူရယ်ဂျက်ဆင်မင်းသားကြီး မာသာဖက်ကာမင်းသားအဖြစ် သိကြတဲ့ဘဲကြီးရဲ့ အက်ရှင်ကားလေး ထွက်လာပါတယ် ထူးခြားတာကတော့ အက်ရှင်ကားပေမဲ့ တိုက်ခိုက်တာတွေထက် တစ်ကားလုံး ကားတစ်စီးပေါ်မှာပဲ ရိုက်ပြသွားတာပါ
ဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံဟာ ရုတ်တရက် ထိုးစစ်ဆင်ခံလိုက်ရပြီး ခေါင်းဆောင်ပိုင်းတွေ လုပ်ကြံခံရတာကြောင့် သမ္မတကြီးဟာ သူ့ရဲ့လုံခြုံရေးအဖွဲ့နဲ့အတူ သမ္မတတွေအတွက် အထူးပြုလုပ်ထားတဲ့ the beast ကားကြီးနဲ့ ထွက်ပြေးလာကြပါတယ်
ကားနဲ့မောင်းလာတဲ့ တစ်လျှောက် သူ့ရဲ့လုံခြုံရေးတွေလည်း သေကုန်ပြီး တက်ဖ်ဆိုတဲ့ သေလုမျောပါး ဒဏ်ရာရထားတဲ့ လုံခြုံရေးနဲ့ သမ္မတကကြီး အော်စကာသာကျန်ပါတော့တယ်
ဘယ်သူ ထိုးစစ်ဆင်မှန်းမသိ အငိုက်မိသွားတာကြောင့် တုံ့ပြန်ချိန်လည်းမရ ရုတ်တရက်ကြီး မြို့ဟာလည်း စစ်မြေပြင်ဖြစ်သွားတဲ့အခါမှာတော့….
သမ္မတကြီးဟာလည်း ကိုယ်တိုင်ကားမောင်းရင်း အန္တရာယ်တွေကြားက ရှောင်တိမ်းကာ ဘေးကင်းရာနေရာကို အခက်ခဲတွေကြားထဲကနေ ဘယ်လိုရောက်အောင် သွားမလဲ လမ်းတစ်လျှောက် ဘယ်လို အခက်ခဲတွေ ကြုံရမလဲ ဒီတိုက်ခိုက်မှုနောက်ကွယ်က ဘယ်သူလဲဆိုတာကတော့….
Genre ….. Action, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.14GB / 1.91GB
Review ….. Light
Translator ….. Light
Encoder ….. SNNT
Rainbow Channel