
The Wailing (2016)
================
IMDB ⭐️ 7.4/10
Korean Horror ကားတွေထဲမှာ ထိပ်ဆုံးကနေရပ်တည်ထားတဲ့ horror ကားတွေထဲက Masterpiece တစ်ကားဖြစ်ပြီး အဆုံးသတ်မှာ ဟာခနဲဖြစ်သွားစေမဲ့ plot twist နဲ့ The Wailing
“တကယ့်အကြောက်တရားက နတ်ဆိုးကို တွေ့လိုက်ရတာ မဟုတ်ဘူး။ ဘယ်သူကို ယုံရမလဲဆိုတာ မသိတော့တဲ့ အချိန်ပဲ ဖြစ်တယ်။”
ဇာတ်လမ်းက ရွာငယ်လေးတစ်ရွာမှာ ဆန်းကြယ်တဲ့ လူသတ်မှုတွေနဲ့ စတင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အရာအားလုံးက ပိုမိုရှုပ်ထွေးလာပြီး ဘယ်သူက လူဆိုးလဲ၊ ဘယ်သူက လူကောင်းလဲဆိုတာ ခွဲခြားရခက်လာပါတယ်။ ရုပ်ရှင်က ပရိသတ်ကို အဖြေတွေ ပေးမဲ့အစား မေးခွန်းတွေ ပိုတိုးလာစေပါတယ်။
ဒီဇာတ်ကားရဲ့ အားသာချက်အကြီးဆုံးက အလင်းအမှောင်ဖန်တီးနိုင်မှုပါပဲ။ မိုးရွာနေတဲ့ မြင်ကွင်းတွေ၊ တောနက်ထဲက တိတ်ဆိတ်မှုတွေ၊ သာမန်လိုထင်ရတဲ့ အခန်းငယ်တွေတောင် ကြည့်ရှုသူကို စိတ်မအေးနိုင်အောင် ဖန်တီးပေးနိုင်ပါတယ်။
သရုပ်ဆောင်တွေရဲ့စွမ်းဆောင်ရည်ကလည်း အလွန်သသာဝကျပြီး ပြောင်မြောက်လှပါတယ်။ အထူးသဖြင့် ဖခင်တစ်ယောက်အနေနဲ့ မိသားစုကို ကာကွယ်ဖို့ ကြိုးစားရင်း အကြောက်တရား၊ စိတ်ရှုပ်ထွေးမှုနဲ့ မျှော်လင့်ချက်ပျောက်ဆုံးသွားတဲ့ ခံစားချက်တွေကို အပြည့်အဝ ဖော်ပြထားနိုင်ပါတယ်။
The Wailing ဟာ သာမန် Horror Movie တစ်ကား မဟုတ်ပါဘူး။ ယုံကြည်မှု၊ ဘာသာရေး၊ လူ့သဘာဝနဲ့ မကောင်းဆိုးဝါးတို့အကြားက နယ်နိမိတ်ကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။
အကောင်းဆုံးအချက်ကတော့ ရုပ်ရှင်ပြီးသွားပြီးနောက်မှာတောင် ဇာတ်လမ်းက ကြည့်ရှုသူစိတ်ထဲကနေ ထွက်မသွားပါဘူး။ Ending ကို နားလည်ဖို့ ပြန်စဉ်းစားမိမယ်။ သဲလွန်စတွေကို ပြန်ရှာမိမယ်။ ဘယ်သူမှန်ပြီး ဘယ်သူမှားခဲ့သလဲဆိုတာ ဆက်ပြီး တွေးနေမိပါလိမ့်မယ်။
The Wailing ဟာ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားသာ မဟုတ်ဘဲ ကြည့်ပြီးရင် ရက်ပေါင်းများစွာ စိတ်ထဲမှာ ကျန်ရစ်နေမဲ့ Horror Masterpiece တစ်ကား ဖြစ်ပါတယ်။
Genre ….. Horror, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.08GB / 2.6GB
Review ….. Verona
Translator ….. Verona
Encoder ….. Ray
Rainbow Channel