
Concrete Utopia (2023)
Thriller, Sci-Fi, Drama
ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ အချိုသော တောင်ကိုးရီးယားရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေရဲ့ ထုံးစံအတိုင်း အခု ဇာတ်ကားလေးဟာလည်း Webtoon တစ်ခုရဲ့ ဒုတိယပိုင်းကို ပြန်လည်မှီငြမ်းရိုက်ကူးထားတာပါ။ 2023 တောင်ကိုရီးယားရုပ်ရှင်တွေထဲမှာ ဝင်ငွေအကြမ်းဆုံး တတိယနေရာမှာ ရပ်တည်ခဲ့တဲ့ကားလေးလည်း ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးဘယ်လောက်ပျက်စီးသွားမှန်းတောင် မသိနိုင်လောက်တဲ့ အင်အားနဲ့ရိုက်ခတ်သွားတဲ့ မြေငလျင်ကြီးအပြီးမှာ ဆိုးလ်မြိုလည်ကောင်က ဟွမ်ဂွန်းတိုက်ခန်းကြီးသာ ခိုလှုရာနေရာအဖြစ်ကျန်ရစ်ခဲ့ပါတယ်။ သေမတတ်အေးခဲနေတဲ့ ရာသီဉတုဒဏ်ကြောင့် အသက်ရှင်ကျန်ရစ်သူတွေဟာ ဒီတိုက်ကြီးမှာနေစရာရဖိုအတွက် ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ တင်းမာလာကြပါတယ်။
အသက်ရှင်ဖို မျှော်လင့်ချက်နဲ့ ပတ်သက်လာရင် လူတွေဘယ်လောက်တောင် အဆင်အခြင်မဲ့ အရိုင်းဆန်လာသလဲဆိုတဲ့ပြကွက်လေးတွေကို အားကောင်းကောင်းနဲ့ တင်ဆက်ပြသထားပါတယ်။ တောင်ကိုရီးယားကြယ်ပွင့်တွေဖြစ်တဲ့ မင်းသားကြီး လီဗျောင်ဟွန်းနဲ့ ပတ်ဆိုဂျွန် တိုတွေ ဒီကားထဲမှာ အနုပညာမှော်တွေအောင်ပြဦးမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးကို ရင်တလှပ်လှပ်နဲ့ ကြည့်ပြီးဆုံးဖြတ်ပေးကြပါဦး။
IMDB rating ကတော့ အကြမ်းစားရထားတာမို အချိန်ပေးရကျိုးနပ်မယ့် ကားကောင်းလေးတစ်ကားပါပဲလို ညွှန်းပါရစေခင်ဗျာ။
Translated By WC Team
Encoded By N.A.S
Video code ကို HEVC (High Efficiency Video Coding)ပေးထားပြီး Sound code ကို ATSC A/52B (AC-3, E-AC-3)ကိုထားပေးပြီး ပြောင်းတင်ပေးပါလို့အကြံပြုအပ်ပါတယ်ခင်ဗျား