Ads
ads

Video Sources 0 Views

  • Watch trailer
Montages of a Modern Motherhood

Montages of a Modern Motherhood

Apr. 24, 2025Hong Kong111 Min.NR
Your rating: 0
7 1 vote

Synopsis

Montages of a Modern Motherhood (2025)

IMDB ⭐️ 6.6/10

ဒီဇာတ်ကားကို နာမည်ကြီးဒါရိုက်တာ Marking Chan ကရိုက်ကူးခဲ့ပြီး သူ့ရဲ့ နာမည်ကြီးလက်ရာ “Still human” ထွက်ပြီးနောက် ဒုတိယမြောက်လက်ရာတစ်ခုလည်းဖြစ်ပါတယ်။
ခေတ်သစ်လူအဖွဲ့အစည်းကြားက မီးဖွားပြီးခါစမိခင်တစ်ဦးကြုံတွေ့ရတဲ့အခက်အခဲတွေကို မီးမောင်းထိုးရိုက်ပြတဲ့ ဟောင်ကောင်‌ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်းလေးကတော့…

အားကျင်းဟာ မုန့်ဖတ်ဆရာတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ကျပြီး ၆ နှစ်အကြာမှ သမီးလေးချင်းချင်းကို ခက်ခက်ခဲခဲမီးဖွားခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ကလေးမွေးပြီး ခြောက်လအတွင်းမှာ အားကျင်းရဲ့ဘဝဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။ အရင်က ဝါသနာပါရာအလုပ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့အားကျင်းဟာ ရုတ်တရက်ကြီးကလေးရပြီး ပထမဆုံးအနေနဲ့ မိခင်တစ်ဦးဖြစ်လာတဲ့အခါမှာ အလုပ်ခွင်ဖိအား၊ ကလေးနို့မစို့လို့နို့မထွက်တဲ့ပြဿနာ၊ ကလေးဂျီကျတဲ့ပြဿနာစတဲ့ အခက်အခဲပေါင်းများစွာတွေ့ကြုံခဲ့ရပါတော့တယ်။ ဒါပြင် ယောက်ျားဖြစ်သူမှာလည်း ကလေးထိန်းတာကို မိန်းမအလုပ်လို့သတ်မှတ်ပြီး မကူညီပေးဘဲ ပိုက်ဆံရှာဖို့ကိုပဲ အာရုံစိုက်နေတဲ့အပြင် ယောက္ခမဖြစ်သူက အယူသီးလွန်းပြီး အားကျင်းကိုပဲအပြစ်ပုံချနေတဲ့အခါမှာ အားကျင်းတစ်ယောက် ကလေးဝေယျာဝစ္စတွေအားလုံးကို တစ်ယောက်တည်းပဲ လုပ်ကိုင်ရပါတော့တယ်။ အားလုံးက သားသမီးရဲ့ ပြုံးပျော်နေတဲ့မျက်နှာလေးကို တွေ့ရရင် မိခင်ဖြစ်သူမှာ ‌ပင်ပန်းရကျိုးနပ်တယ်လို့ပြောကြပေမဲ့လက်တွေ့မှာတော့ လင်ယူသားမွေးခြင်းကရည်မှန်းချက်ကြီးတဲ့အားကျင်းတစ်ယောက်အဖို့ စိတ်ဓာတ်တွေကျပြီး အိပ်မက်ဆိုးကြီးသဖွယ်ဖြစ်လာတဲ့အခါ…

ဒီဇာတ်လမ်းလေးဟာ အစက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး မုန့်တိုက်ဖွင့်ချင်တဲ့အားကျင်းတစ်ယောက် ကလေးမွေးပြီးချိန်မှစပြီး တဖြည်းဖြည်းတက်လာတဲ့ကိုယ်အလေးချိန်ကစလို့ နောက်ပိုင်းအလုပ်ပါဆုံးရှုံးသွားပြီး စိတ်ရောကိုယ်ပါပင်ပန်းလို့ ယုံကြည်ချက်ပန်းတိုင်တွေပါ ပျောက်ဆုံးပြီး postpartum depression ထဲရောက်ရှိသွားပုံကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ခေတ်သစ်အိမ်ထောင်ရေးထဲက အမျိုးသမီးတွေရဲ့ အိမ်ထောင်ကျပြီးရင် ကလေးယူရမယ်ဆိုတဲ့ လင်ယူသားမွေးဓလေ့ဆိုးကြီးကို မီးမောင်းထိုးပြနေတဲ့အပြင် ဇာတ်ဆောင်မင်းသမီး Hedwig Tam ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရကားလေးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ ဟောင်ကောင်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 720.48MB / 1.61GB
Review ….. Flores
Translator ….. Flores
Encoder ….. Ray

Rainbow Channel

Montages of a Modern Motherhood
Original title 虎毒不
IMDb Rating 6.6 161 votes
TMDb Rating 5.333 3 votes

ads

Similar titles

The Cliche
Azaad
4 Kings
Down the Rabbit Hole
Gladiator
မက်စ်တီဖိုး
Blood Brothers: Dragon’s Embers
Paltan
Victoria’s Silver
Heer Express
Under Parallel Skies
Dawn of the Planet of the Apes

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On