Ads
ads

Video Sources 0 Views

  • Watch trailer
Ghost Board

Ghost Board

Roll the dice. Stay alive. Till sunrise.Mar. 12, 2026TH125 Min.NR
Your rating: 0
7 1 vote

Synopsis

Ghost Board (2-0-2-6)
===============

IMDB ⭐️ 6.6/10

မရဏ ဘုတ်ဂိမ်း

Jumanji ဇာတ်ကားလိုမျိုး ဆန်းကြယ်တဲ့ ဘုတ်ဂိမ်းတစ်ခုကို အခြေခံထားပြီးတော့ ထိုင်းရိုးရာ ဂမ္ဘီရပညာရပ်တွေ အင်းအိုင်တွေနဲ့ သရဲခြောက်လှန့်မှုတွေကို ပေါင်းစပ်ရိုက်ကူးထားတာဖြစ်လို့ တခြားသရဲကားတွေနဲ့မတူဘဲ ထူးခြားဆန်းသစ်နေပါတယ်။

ဘန်, ဂျော့နဲ့ တွန်တို့ သူငယ်ချင်းအုပ်စုဟာ ဘုတ်ဂိမ်းတွေကို အရမ်းစွဲလမ်းကြသူတွေဖြစ်ပြီးတော့ အတန်းလစ်ပြီးတော့တောင် ဆော့ကြတဲ့သူတွေပါ။ တစ်နေ့မှာတော့ သူတို့အုပ်စု ဗုဒ္ဓဘာသာအတန်းချိန်ကိုလစ်ပြီးတော့ ဘုတ်ဂိမ်းခိုးဆော့တာကို ဆရာမ မိသွားတဲ့အခါမှာတော့ ဘုန်းကြီးကျောင်းမှာ တရားထိုင်ရင်း ဘုန်းကြီးကျောင်းရဲ့ ဝေယျာဝစ္စတွေ လုပ်ရမယ်လို့ ဆရာမက ပြစ်ဒဏ်ချမှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဘန်,ဂျော့, တွန်တို့ သူငယ်ချင်း၃ယောက်နဲ့အတူ ပရစ်ထိုင်ဆိုတဲ့ ကောင်မလေးဟာလည်း အတူတူ အပြစ်ဒဏ်ခံဖို့ ပါလာခဲ့ပါတယ်။

ဘန်တို့ ၄ယောက်သား ဘုန်းကြီးကျောင်းရဲ့ ဝေယျာဝစ္စတွေလုပ်ပြီးတော့ တွန့်အစ်မ ဘဲလ် လာကြိုတာကို သိမ်ကျောင်းရှေ့မှာ ထိုင်စောင့်နေတုန်း သိမ်ကျောင်းထဲကနေ အသံတွေကြားလို့ ဝင်ကြည့်တဲ့အခါမှာတော့ အဝတ်နဲ့ ထုပ်ပိုးထားတဲ့ ဘုတ်ဂိမ်းတစ်ခုကို သွားတွေ့ပါတော့တယ်။

ဒီလိုနဲ့ ဘုတ်ဂိမ်းသရဲတွေဖြစ်ကြတဲ့ ဘန်တို့အုပ်စုဟာ ဆော့ကြည့်ကြပါတော့တယ်။ ဒီလို ဆော့ကြည့်တဲ့အချိန်မှာပဲ ဘုတ်ဂိမ်းဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်အတတ်တွေ စတင် အသက်ဝင်လာပါတော့တယ်။ သူတို့တွေ ဆော့လိုက်တဲ့ဘုတ်ဂိမ်းဟာ ရိုးရိုးဂိမ်းတစ်ခုမဟုတ်ဘဲ လူ့လောကနဲ့ ဝိညာဉ်လောကကို ဆက်သွယ်ပေးထားတဲ့ တံခါးပေါက်ဖြစ်နေပြီး အံစာတစ်ခါပစ်လိုက်တိုင်း ကတ်ပြားတစ်ခုထွက်လာပြီး မတူညီတဲ့ ဝိညာဉ်ဆိုးတွေ မိစ္ဆာကောင်တွေ ထွက်လာပြီး သူတို့ကို အသက်အန္တရာယ်ပြုတိုက်ခိုက်ကြပါတော့တယ်။

ဒီဂိမ်းဟာ မိုးမလင်းခင် အပြီးဆော့ရမှာဖြစ်ပြီး မိုးလင်းလို့မှ ဂိမ်းဆော့သူထဲက တစ်ယောက်မှ မအောင်မြင်ဘူးဆိုရင် အကုန်သေရမှာဖြစ်ပါတယ်။ ဂိမ်းကို မပြီးမချင်းလည်း ဘယ်သူမှ ထွက်ပြေးမလွတ်မြောက်နိုင်ပါဘူး။

ဒီလိုမျိုး ထူးခြားတဲ့ ဘုတ်ဂိမ်းကို ဘင်, ဂျော့,တွန်နဲ့ ပရစ်ထိုင်တို့ ဘယ်လိုတွေ ဆော့သွားကြမလဲ …..
ဂိမ်းထဲကနေ ဘယ်လိုမကောင်းဆိုးဝါး မိစ္ဆာကောင်တွေ ထွက်ပေါ်လာမလဲ …..
သူတို့တွေ ဂိမ်းကို အနိုင်ဆော့လိုက်နိုင်မှာလား …. စတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ရင်တဖိုဖိုနဲ့ လိုက်ပါစီးမျောရင်း ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 974.3MB / 2.02GB
Review ….. Elsa
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Ghost Board
Ghost Board
Ghost Board
Ghost Board
Ghost Board
Original title กล่องผีสุ่มวิญญาณ
IMDb Rating 6.6 48 votes
TMDb Rating 7.25 4 votes

ads

Similar titles

Kill Me Again
Traumatika
A Widow’s Game
Motor City
Firebreak
Evil’s Return
The Jester 2
Bait
Godzilla vs. Kong
Vadh 2
From the Ashes: The Pit
Anand Sreebala

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On