
I_r-u-m_u-d_i (2-0-2-6) Telugu
=========================
IMDB ⭐️ 8.1/10
“မိသားစုဂုဏ်သိက္ခာလား… သမီးလေးရဲ့ အသက်အန္တရာယ်လား…”
တောင်ပိုင်း အက်ရှင်ကားကြမ်းကြမ်းတွေ၊ အထူးသဖြင့် မိသားစု သံယောဇဉ်ကို အခြေခံထားတဲ့ Family Action Drama ကားကောင်းကောင်း မျှော်နေသူတွေအတွက် မင်းသားကြီး Ravi Teja ရဲ့ အသစ်စက်စက် Blockbuster ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။
မင်းသားကြီး Ravi Teja ပါပြီဆိုကတည်းက သူ့ရဲ့ Signature ဖြစ်တဲ့ ရှယ်မိုက်တဲ့ Mass အက်ရှင်ခန်းတွေကို အဝကြိတ်ရတော့မှာပါ။ ဒီကားမှာတော့ သူ့ကို သာမန် Mass hero တစ်ယောက်အနေနဲ့တင် မဟုတ်ဘဲ သမီးလေးကို အသက်တမျှချစ်တဲ့ ဖခင်ကောင်းတစ်ယောက်၊ အရာရာကို ကာကွယ်ပေးချင်တဲ့ ခွန်အားကြီးတဲ့ ဖခင်တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။
ဇာတ်လမ်းကတော့ ပိုလူရူးဆိုတဲ့ ရွာလေးမှာ ဇနီးဖြစ်သူ ကာဗေရီ၊ သမီးလေး မန်နီကန်တာတိုနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ ထရီနက်ဆိုတဲ့ ဖခင်တစ်ယောက်ရဲ့ အကြောင်းပါ။
ထရီနက်ဟာ ရပ်ရွာထဲမှာ မိန်းကလေးတွေအပေါ် အနိုင်ကျင့်တာမျိုး၊ မတရားလုပ်တာမျိုး တွေ့ရင် ဘယ်တော့မှ ငြိမ်မနေတတ်တဲ့သူပေါ့။ ဒါပေမဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဂိုပါရာဂျူးကတော့ ပြဿနာတွေကို မိသားစုဂုဏ်သိက္ခာအတွက်ဆိုပြီး အမြဲတမ်း ဖုံးဖိဖြေရှင်းချင်သူပါ။ ဒီလို မတူညီတဲ့ ခံယူချက်တွေကြားကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။
တစ်နေ့မှာတော့ ထရီနက်ရဲ့ သမီးလေး မန်နီကန်တာဟာ သူ့သူငယ်ချင်း ဂါယာထရီဆီကနေ ထူးဆန်းတဲ့ အမူအကျင့်တွေကို သတိထားမိလာပါတယ်။ သိချင်စိတ်နဲ့ စုံစမ်းကြည့်တဲ့အခါမှာတော့ ကျောင်းဆရာမ ဓနလက်ရှ်မီနဲ့ ဘူဂျီရာဂျူးတိုရဲ့ နောက်ကွယ်က ရက်စက်ယုတ်မာတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သွားသိလိုက်ရပါတော့တယ်။
ကျောင်းသူလေးတွေကို ခြိမ်းခြောက်ပြီး အမြတ်ထုတ်နေတဲ့ ဒီကိစ္စကြီးကို ဖော်ထုတ်ဖို ကြိုးစားရင်းနဲ့ မန်နီကန်တာတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါ…
ကိုယ့်သမီးလေး ပျောက်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်ကွဲပက်လက် ခံစားရမှုတွေ… သမီးလေး ခိုးကြောင်ခိုးဝှက် ဖမ်းယူထားခဲ့တဲ့ အသံဖိုင်တစ်ခုကနေတစ်ဆင့် အမှောင်ခွင်းပြီး အမှန်တရားကို ရှာဖွေရတဲ့အခါ…
သူငယ်ချင်းဖြစ်သူ ဂိုပါရာဂျူးကရော ဒီအမှုမှာ ဘယ်လိုတွေ ပါဝင်ပတ်သက်နေမလဲ။ အရာရာကို ဖုံးကွယ်ချင်နေတဲ့ သူတိုရဲ့ လုပ်ရပ်တွေကို ထရီနက်တစ်ယောက် ဘယ်လို ဆွဲချွတ်ပြမလဲ။ သမီးလေးကိုရော အချိန်မီ ကယ်တင်နိုင်ပါ့မလားဆိုတာ…
Ravi Teja ရဲ့ အသဲယားစရာ သရုပ်ဆောင်ချက်တွေ၊ သမီးနဲ့အဖေ ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ Emotional Scene တွေအပြင် ရင်ခုန်သံမြန်စေမယ့် BGM တွေနဲ့ အကြမ်းစား Action တွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားမို ခုပဲ ကြည့်ရှုလိုက်ရအောင်ပါ။
Genre ….. Action, Drama, Family
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.14GB / 2.23GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel