Ads
ads
Kombuseevi

Kombuseevi

Dec. 19, 2025139 Min.
Your rating: 0
8 1 vote

Synopsis

Kombuseevi (2-0-2-5)

IMDB ⭐️ 7.9/10

“ချိုသွေးထားတဲ့ နွားသိုးတစ်ကောင်လို ရန်သူတွေကို ဝှေ့ခတ်မဲ့ Gangster Action ကားသစ်”

Captain Vijayakant ရဲ့ သားဖြစ်သူ Shanmuga Pandian ရဲ့ Comeback လို့ ပြောလို့ရမဲ့ Tamil Action Drama ကောင်းကောင်းလေးတစ်ကား ထွက်ရှိလို့လာပါပြီ။ ဒီကားမှာတော့ ဝါရင့်သရုပ်ဆောင်ကြီး R. Sarathkumar ပါ အားဖြည့်ထားတော့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမရှိပါဘူး။

ပုံမှန် Comedy တွေပဲရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Ponram က ဒီတစ်ခါမှာတော့ Rural Gangster Vibe ကိုမှ comedy လေးနှောပြီး အရွှန်းဖောက်ထားတဲ့ဘက်ကို ခြေလှမ်းသစ် ပြောင်းလှည့်လာတာမို့လို့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဇာတ်လမ်းအကြောင်း ပြောရမယ်ဆိုရင်… ၁၉၉၆ ခုနှစ် ဝန်းကျင်၊ အူစီလမ်ပတ်တီဒေသမှာ ဇာတ်အိမ်တည်ထားပါတယ်။ အစိုးရက ဗိုင်ဂမ်ဆည် ဆောက်ဖို့အတွက် ရွာတွေကို ဖယ်ရှားလိုက်တဲ့အခါ ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စားဝတ်နေရေး ကျပ်တည်းလာကြတယ်။

ဒီလို အခြေအနေမျိုးမှာ “ရော့ကာပူလီ” ဆိုတဲ့ ဒေသခံ ဩဇာကြီးသူတစ်ယောက်ဟာ ဒီအခြေအနေကနေ ရုန်းထွက်ပြီး ချမ်းသာဖို့အတွက် မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းကို ရွေးချယ်လိုက်ပါတယ်။

တစ်ဖက်မှာလည်း ဘဝပေးအခြေအနေအရ လမ်းပျောက်နေတဲ့ လူငယ်လေး “ပန်ဒီ” ဟာ ရော့ကာပူလီနဲ့ ဆုံတွေ့ပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဆင်းရဲမွဲတေမှုဒဏ်ကို အန်တုဖို့အတွက် ဥပဒေပြင်ပက အလုပ်တွေ၊ မှောင်ခိုလုပ်ငန်းတွေဆီကို ခြေစုံပစ် ဝင်ရောက်သွားကြပါတော့တယ်။

“ငွေမရှိရင် လူရာမဝင်တဲ့လောကကြီးမှာ… နည်းလမ်းမှန်လား မှားလားဆိုတာထက် အသက်ရှင်ဖို့က အဓိကမလား…”

ဒီလိုနဲ့ ရဲတွေ၊ အစိုးရတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ “ရှင်လျက်နဲ့ ငရဲကျနေတဲ့ ဘဝ” ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းမှုတွေ၊ ဖောက်ခွဲရေး၊ မှောင်ခိုလုပ်ငန်းတွေနဲ့ Raw ဆန်ဆန် ရိုက်ပြထားတဲ့ Action Drama ကားကောင်းလေးပါပဲ။

Genre ….. Action, Comedy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.22GB / 2.8GB
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

Kombuseevi
Kombuseevi
Kombuseevi
Kombuseevi
Kombuseevi
Kombuseevi
Kombuseevi
Kombuseevi
Kombuseevi
Kombuseevi
Original title கொம்புசீவி

ads

Similar titles

One Battle After Another
Mary
Wings of Dread
Ziam
Space/Time
Rambo
Rise of the Conqueror
The Idea of You
Mortal Kombat
How to Train Your Dragon
Khalifa: The Ruler
Twisters

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On