Ads
ads

Video Sources 0 Views

  • Watch trailer
Nee Forever

Nee Forever

Mar. 27, 2026India133 Min.NR
Your rating: 0
8 1 vote

Synopsis

Nee Forever (2-0-2-6)

IMDB ⭐️ 7.7/10

“အတုအယောင်ကနေ အစပြုခဲ့တဲ့ ဆက်ဆံရေးတစ်ခုမှာ… အချစ်တွေကရော အစစ်အမှန် ဖြစ်လာနိုင်ပါ့မလား”

ဒီတစ်ခါတော့ Heavy drama ဇာတ်ကားတွေကနေ Vibe လေးပြောင်းသွားအောင် Gen Z တွေရဲ့ ခေတ်သစ် “Situationships” အချစ်ရေးကို ပုံဖော်ထားတဲ့ Tamil Romantic Drama ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားလေးကိုတော့ ဒါရိုက်တာ Ashokkumar Kalaivani က ရိုက်ကူးပေးထားပြီး၊ မင်းသား Sudharsan Govind နဲ့ မင်းသမီးချော Archenaa Ravi တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

အေအိုင်ခေတ် အိုင်တီခေတ် နည်းပညာခေတ် ကြိုက်သလိုခေါ်ခေါ် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဟာ ပြင်ပကမ္ဘာကနေ ၆ လက်မပတ်လည်ဖုန်းတစ်လုံးထဲကို တစ်စတစ်စ ကူးပြောင်းနေတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။

နေ့စဉ်ဘဝဆိုတော့ အချစ်ရေးလည်းပါတာပေါ့လေ။ သုံးနှစ်သုံးမိုး လိုက်ခဲ့ရတယ်ဆိုတဲ့ အချစ်ဇာတ်လမ်းတွေက ဘိုးတော်ဘုရားလေးဘက်သွားခေတ်ဇာတ်လမ်းတွေဖြစ်ပြီး ခုခေတ်ကတော့ dating app ထဲတွေ့လိုင်းပေါ်ကတွေ့ ဂျင်းမိ ပလေးခံ ဦးသူစားဇာတ်လမ်းတွေ နေရာယူလာတာပေါ့။ အခုဒီဇာတ်ကားလေးကလည်း ဒီလိုအခြေအနေကို ပုံဖော်ပြထားတာပါပဲ။

ဇာတ်လမ်းလေးကတော့… startup လုပ်ငန်းလေးတစ်ခုကို အကောင်အထည်ဖော်နေတဲ့ ကောင်လေးနဲ့၊ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်နေတဲ့ ကောင်မလေးတို့ နှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်ဟာ Dating App တစ်ခုကနေတဆင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဆုံတွေ့မှုက ရိုးရိုးသားသား ဖူးစာဆုံတာမျိုး မဟုတ်ပါဘူး။ သူတို့နှစ်ယောက်စလုံးမှာ ကိုယ်ပိုင် အတ္တတွေ၊ ကိုယ်ကျိုးရည်ရွယ်ချက်တွေ ရှိနေကြပြီး အဲဒီအတွက် “Fake Relationship” အဖြစ် ဟန်ဆောင်တွဲဖို့ သဘောတူလိုက်ကြပါတော့တယ်။

ဒီလိုနဲ့ အကျိုးအမြတ်အတွက် အသုံးချဖို့လောက်ပဲ ရည်ရွယ်ခဲ့တဲ့ ဒီဆက်ဆံရေးကြီးကနေ အချိန်တွေ အတူဖြတ်သန်းလာတဲ့အခါ… အနီးကပ် နေထိုင်ရင်းနဲ့ပဲ သူတို့နှစ်ယောက်ကြားမှာ မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေ တဖြည်းဖြည်း ငြိတွယ်လာတဲ့အခါ။

အဆင်ပြေရုံသက်သက် စတင်ခဲ့တဲ့ အတုအယောင် အချစ်ရေးကနေ တကယ့် အချစ်စစ်အဖြစ်ကို ကူးပြောင်းသွားနိုင်မလား… Gen Z တွေရဲ့ ခေတ်သစ် အချစ်ရေး၊ အိပ်မက်တွေနဲ့ ရုန်းကန်မှုတွေကို ဘယ်လို လှလှပပ ပုံဖော်သွားမလဲဆိုတာကို ရှုစားကြပါဦး။

Genre ….. Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.16GB / 2.35GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Nee Forever
Nee Forever
Original title Nee Forever
IMDb Rating 7.6 252 votes

ads

Similar titles

Pune Highway
Varavu
မရဏဘုရင် ကာလီ
Mayumi
Pongala
29
DNA
Blast
Man with No Past
Monay
A Good Child
Chhorii 2

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On