
Serangan Balik (2026)
==================
IMDB ⭐️ 5.7/10
Netflix ရဲ့ အသစ်စက်စက် အင်ဒို အက်ရှင် ဇာတ်ကြမ်းကား
အွန်လိုင်း လောင်းကစားကြောင့် မွဲပြာကျသွားတဲ့ ဖခင်ဖြစ်သူက သားသမီးတွေကို အဘိုးဖြစ်သူဆီ ပို့ပြီး စာရင်းကိုင် တစ်ယောက်ဆီက USB drive လေး တစ်ခု ခိုးခဲ့ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက် ပိုက်ဆံ နည်းနည်း ညှစ်ချင်ခဲ့ရုံပဲ ဆိုပေမဲ့ အစီအစဉ်တွေ ချွတ်ချော်ပြီး ဘာမှ မသိတဲ့ သားသမီးတွေကိုပါ အန္တရာယ်ထဲ ဆွဲသွင်းမိပါတော့တယ်။
USB ထဲမှာ လုံးဝကို ထိပ်သီး နာမည်ကြီးတွေရဲ့ အရှုပ်တော်ပုံတွေ ပါတာကြောင့် ကြေးစားတွေကလည်း ကျူပင်ခုတ် ကျူငုတ်မကျန် သိတဲ့သူ အကုန်လုံးကို အပြတ်ရှင်းဖို့ လုပ်ဆောင်ပါတော့တယ်။
ကံကောင်းစွာနဲ့ ကလေးတွေရဲ့ အဘိုးက အရင်က အထူးတပ်ဖွဲ့က စစ်သားဟောင်း ဖြစ်နေပြီး ဝံပုလွေအိုကြီးက သူ့မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားပါတော့တယ်။
မိသားစုကို ကာကွယ်တဲ့ သူတိုင်းက အနိုင်ရစမြဲပေမဲ့ အကယ်၍ နှစ်ဖက်စလုံးက မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားနေကြတဲ့သူ ဆိုရင်ရော ရလဒ်က ဘယ်လို ဖြစ်လာမလဲ။
Genre ….. Action, Crime, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.12GB / 2.42GB
Review ….. Kera
Translator ….. Kera
Encoder ….. SNNT
Rainbow Channel