Ads
ads

Video Sources 0 Views

  • Watch trailer
The Debt Collector

The Debt Collector

A Debt Can Be Settled, But Not Erased.Jul. 20, 2026TH134 Min.NR
Your rating: 0
6 1 vote

Synopsis

The Debt Collector (2026)
======================

“ဆုံးရှုံးစရာ ဘာမှမရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဒေါသကို ဘယ်သူမှ မတားနိုင်ဘူး”

အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ ထိုင်း Action-Crime Thriller ကားကြမ်းကြမ်းတွေ၊ Underworld လောကရဲ့ အမှောင်ခြမ်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့ပဲ အသစ်စက်စက် ထွက်ရှိလာတဲ့ အက်ရှင်ကြမ်းကြမ်းကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ.

ဒီကားရဲ့ အသက်ကတော့ တခြားသူမဟုတ်ပါဘူး။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောကြီး Nadech Kugimiya ကိုယ်တိုင် ခေါင်းဆောင်ပါဝင်ထားပြီး၊ Daou Pittaya Saechua နဲ့ Chaiwat Thongsaeng တိုလို နာမည်ကြီး မင်းသားတွေကပါ အားဖြည့် ပါဝင်ထားတာဖြစ်လို Cast ပိုင်းနဲ့တင် တစ်ဝက်တန်နေပါပြီ။

ဇာတ်လမ်းအကျဉ်းကတော့… တစ်ချိန်က မြေအောက်လောကမှာ သွေးအေးရက်စက်လှတဲ့ အကြွေးတောင်းသူတစ်ယောက် ထောင်ကျသွားပြီးနောက်ပိုင်းမှာ သူ့ရဲ့အတိတ်က အမှားတွေနဲ့ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကြောင့် အပြစ်ရှိစိတ်နဲ့ အမြဲ ခြောက်လှန့်ခံနေရတာကနေ စတင်ပါတယ်

ကံကြမ္မာရဲ့ လှောင်ပြောင်မှုလား၊ ဝဋ်လည်တာလား မသိပေမဲ့ သူဟာ ကုသလိုမရနိုင်တော့တဲ့ ကြမ္မာဆိုးကို ရင်ဆိုင်လာရတဲ့အခါ…

“သေမင်းက လာခေါ်နေပြီဆိုတော့ သေနတ်ပြောင်းဝက ကျည်ဆန်ကိုတောင် ဂရုစိုက်စရာ မလိုတော့ဘူးပေါ့။”

လူတစ်ယောက်ဟာ သေခါနီးအချိန်ကျမှ အမှန်တရားကို ပိုမြင်လာတတ်တယ်ဆိုတဲ့အတိုင်း သူဟာ ကျန်ရှိနေတဲ့အချိန်တိုလေးအတွင်းမှာ သူ့ရဲ့အမှားတွေကို ပြင်ဆင်ဖိုနဲ့အပြစ်တွေပေးဆပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်

အဲဒီနောက်မှာတော့ သူစွန့်ခွာခဲ့တဲ့ မြေအောက်ရာဇဝတ်လောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာပြီး ရက်စက်ယုတ်မာတဲ့ ငွေတိုးချေးစားသူ (Loan sharks) တွေရဲ့ သားကောင်ဖြစ်နေတဲ့သူတွေကို ကာကွယ်ဖိုနဲ့ ကလဲ့စားချေဖို ကြိုးစားတဲ့အခါ…

Nadech ကို Romantic ကားတွေထဲက အရမ်းမိုက်တဲ့ဘီးကြဲကြီးလိုပဲ မြင်ဖူးရင် ဒီကားမှာတော့ ကြမ်းကြုတ်တဲ့ မျက်နှာပေးတွေ၊ Swag အပြည့်နဲ့ Aura တွေကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားစေရမဲ့ ကားမျိုးဖြစ်သွားစေမှာပါ။ ရိုးရိုး Action ကားလို ပစ်မယ် ခတ်မယ်သက်သက်ကြီး လျှောက်တီးနေတာလားဆိုတော့လည်း မဟုတ်ပါဘူး။

Character ရဲ့ နောင်တရမှု၊ အသက်ရှင်ဖိုထက် သေရဲတဲ့သတ္တိ၊ နောက်ဆုံးအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်သွားတဲ့ အပိုင်းတွေကို ပိုမြင်ရမယ့် Crime Thriller ဇာတ်ကားမျိုးဖြစ်လို့ Weekend မှာ အက်ရှင်ကြမ်းကြမ်းလေးနဲ့ ရင်ခုန်ချင်သူတွေအတွက် ခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Action, Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 982.7MB / 2.13GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray

Rainbow Channel

The Debt Collector
The Debt Collector
The Debt Collector
The Debt Collector
Original title คนเดือดทวงแค้น

ads

Similar titles

Family At Large
Relentless
The Book of Sijjin & Illiyyin
Superman
Codename: Devil
Ballerina
If I Had Legs I’d Kick You
Kampung Jabang Mayit: Ritual Maut
Rust Road
Ananthan Kaadu
A Line of Fire
Paathirathri

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On