Umibe no Koibito (2023)
ဒီကားလေးကတော့၂၀၂၃ကထွက်ခဲ့တဲ့ Japan dramaဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အသက်၃၀အရွယ်လူတွေ သူတို့ရဲ့အိမ်မက်အတွက်ခက်ခက်ခဲခဲဘယ်လိုရုန်းကန်နေရလဲဆိုတာကိုအဓိကရိုက်ကူးထားတာပါ။ ယူရီကိုဆိုတဲ့ကောင်မလေးနဲ့ ရှင်းဂျီက ပင်လယ်ကမ်းခြေတစ်ခုမှာတွေ့ပြီးချစ်ကြိုက်သွားကြတယ်။ အဲ့နောက်ရှင်းဂျီက ယူရီကိုရဲ့အိမ်ကိုပြောင်းလာပြီးနှစ်ယောက်အတူတူအလုပ်ကြိုးစားခဲ့ကြပေမဲ့ ရှင်းဂျီရဲ့အလုပ်ကလမ်းမပေါ်မှာဖျော်ဖြေရတဲ့အလုပ်ဖြစ်တာကြောင့်သိပ်ပြီးအဆင်မပြေပါဘူး။ ယူရီကိုကတော့ဓာတ်ပုံဆရာရဲ့လက်ထောက်လုပ်မယ့် ဓာတ်ပုံဆရာကလိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့အတွက်အလုပ်ကထွက်လာခဲ့ပါတယ်။ အဲ့နောက်ပိုင်းသူတို့စီးပွါးရေးလည်းအဆင်မပြေတော့ပဲ အိမ်ထောင်ရေးလည်းတော်တော်လေးကိုဆိုးရွားခဲ့ပြီး ယူရီကိုနဲ့ရှင်းဂျီပြဿနာတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ၁၈+အခန်းတွေပါတာဖြစ်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့မသင့်လျော်ပါဘူး။
Review and Translated By RMC Team